နေပြည်တော်  ၁၆  ဇူလိုင်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွှေကောင်းကံစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းရှိ အသင်းသားပိုင်လယ်ယာမြေ ဧက ၅၀ နှင့် ဇေယျာသီရိမြို့နယ် အိုင်စောက်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းရှိ အသင်းသားပိုင်လယ်ယာမြေ ၆၆ ဧက၊ စုစုပေါင်း ၁၁၆ ဧကအား ယခုနှစ် မိုးရာသီစပါးစိုက်ပျိုးချိန်အမီအသင်းနှင့် အသင်းသားစာချုပ် ချုပ်ဆို၍ Contract Farming စနစ်ဖြင့် စပါးများစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ထွန်ယက်ချိန်မှ ရိတ်သိမ်းချိန်အထိ လိုအပ်သောစိုက်ပျိုးစရိတ်ပေါ် အခြေခံ၍ အသင်းသားတစ်ဦးလျှင် တစ်ဧကငွေကျပ် ၂၂၀,၀၀၀/- နှုန်းကို ထုတ်ချေးပေးခဲ့ပြီး သီးနှံပေါ်ချိန်တွင် ထုတ်ချေးငွေနှင့် ညီမျှသောစပါးကို စာချုပ်ပါသတ်မှတ်နှုန်းဖြင့် အသင်းက ရယူ၍ သီးနှံရောင်းချပြီးချိန် အသင်းနှင့် အသင်းသားအကျိုးအမြတ်ခွဲဝေမည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မောင်မောင်မျိုး