နေပြည်တော် ၁ ဇွန်
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်နှင့် သုခသိဒ္ဓိရပ်ကွက်ရှိ စက်မှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနေထိုင်သည့် အိမ်ရာများနှင့် အဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

အိမ်ရာနှင့်အဆောင်များတွင် သီးပင်/ စားပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ၊ အဆောက်အဦနှင့် အဆောက်အဦပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အိမ်ရာများအတွင်း ဝန်ထမ်းမိသားစုများ နေထိုင်လျက်ရှိသည့် အခြေအနေ၊ လျှပ်စစ်နှင့် ရေသုံးစွဲမှုအခြေအနေ၊ ရေဆိုးနှင့်ရေမြောင်းများ ရေစီးရေလာကောင်းမွန်မှု ရှိ/မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များနှင့် ဝန်ထမ်းများ၏ တင်ပြချက်များကို စီစဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်