နေပြည်တော်  ၅  ဇူလိုင်

 

စက်မှုဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၏ ရုံးအမှတ်(၃၀) ပတ်ဝန်းကျင်တွင် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပိတောက်ပင် ကို စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများက သတ်မှတ်နေရာများ၌ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီပင်တို့ကို စိုက်ပျိုးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

 

ယနေ့ စက်မှုဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်၊ ကျွန်း၊ မဟော်ဂနီနှင့် ပျဉ်းကတိုး ပင်စုစုပေါင်း(၁၄၁)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)