နေပြည်တော်၊ မေ ၃၀
စက်မှုဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သား/ သမီး ကျောင်းသား/ ကျောင်းသူများ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်း သား/ သမီး ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်း သား/ သမီး ကျောင်းသား/ ကျောင်းသူ (၆၂၄) ဦးရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိလျက် ထူးချွန်ထက်မြက်ပြီး တိုင်းပြည်မှ အားကိုးလေးစားပြုရမည့် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သား/ သမီး ကျောင်းသား/ ကျောင်သူများကို ကျောင်းဝတ်စုံ၊ စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများ၏ သား/ သမီး ကျောင်းသား/ ကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
