ညောင်ဦး ၂၂ မေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြေနီကျေးရွာတွင် စက်ရေတွင်း ပျက်မှုကြောင့် သောက်သုံးရေ ရှားပါးပြတ်လတ်မှုပြဿနာ ရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေ ရှားပါးပြတ်လတ်မှုပြဿနာ ရင်ဆိုင်နေရသည့် မြေနီကျေးရွာရှိ အိမ်ထောင်စု ၈၀ဝ၊ လူဦးရေ ၃၆၃၅ ဦးတို့အား စဉ့်ကူနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စဉ့်ကူမြတ်စေတနာ လူမှုကူညီရေးအသင်းမှ ယနေ့နံနက်ပိုင်းတွင် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သောက်သုံးရေများ လှူဒါန်းခြင်းကို စဉ့်ကူနယ်မြေမီးသတ်တပ်ဖွဲ့ တပ်ကြပ်အောင်ကိုမင်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ညောင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေဂါလံ ၄၈၀ဝ ကိုလည်းကောင်း၊ စဉ့်ကူမြတ်စေတနာ လူမှုကူညီရေးအသင်းမှ ရေဂါလံ ၂၄၀ဝ ကိုလည်းကောင်း သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)
