ချင်းပြည်နယ် ၁၄ ဩဂုတ်
ဖလမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (အိပ်(ချ်)ပီဗီ) ကို စက်တင်ဘာ ၉ ရက်မှ စတင် ထည့်သွင်း ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို စနစ်တကျ ပြင်ဆင် ဆောင်ရွက်နိုင်ရန် အိပ်(ချ်)ပီဗီ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် လူအုပ်စုဖြစ်သည့် ၂၀၁၀ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူ အမျိုးသမီးများ၊ တစ်နည်းအားဖြင့် အသက် (၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ် မကျော်လွန်သေးသူ အမျိုးသမီးငယ်များ၏ စာရင်းကို ကျန်းမာရေးဉီးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများမှ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ စာရင်းကောက်ယူခြင်းလုပ်ငန်းပြီးစီးပါက စက်တင်ဘာလ ၉ ရက်မှစတင်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (အိပ်(ချ်)ပီဗီ) ကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူး၏ ပြောပြချက်အရ သိရသည်။
#MRTV