စလင်း ၂၆  ဇူလိုင် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးကျေးရွာများရှိ အခြေခံပညာကျောင်းများအတွင်းသို့မြစ်ဝင်ရောက်သဖြင့် ဇူလိုင် ၂၆ ရက်နေ့ ယနေ့တွင်စာသင်ကျောင်း(၁၃)ကျောင်း ထပ်မံ၍ ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

mdn

 

အဆိုပါထပ်မံ၍ပိတ်ထားရသောကျောင်းများမှာ သနပ်ကုန်းကျေးရွာအုပ်စုမှ အ.ထ.က (သနပ်ကုန်း)၊ မူလွန်(မဲရွာကုန်း)၊ ပေါက်လေးပင်ကျေးရွာအုပ်စုမှ အ.မ.က(ပေါက်လေးပင်)၊ မှရိုးကုန်းကျေးရွာအုပ်စုမှ အ.လ.က(သပြေရိုး)၊ အ.မ.က(ရုံးပင်ချောင်)၊ ဆင်မကျွန်းကျေးရွာအုပ်စုမှ အ.ထ.က(ခွဲ)ဆင်မကျွန်း၊ မူလွန်(အေးစု)၊ အ.မ.က(အချင်းပစ်)၊ အ.မ.က(ရေလယ်ရွာမ)၊ အ.မ.က (ဥယျာဉ်စု)၊ အ.မ.က(ဆင်မကျွန်းတောင်ရွာ)၊ ဇီးကျွန်းကျေးရွာအုပ်စုမှ အ.မ.က(စစ်ကုန်း)၊ အ.မ.က (ဇီးကျွန်း) စုစုပေါင်း ၁၃ ကျောင်းကိုထပ်မံ၍ ယာယီကျောင်းပိတ်ထားပြီး မြစ်ရေကျဆင်းမှုအပေါ်မှုတည်၍ ယင်းကျောင်းပိတ်ရက်များအားကျောင်းဖွင့်ရက်တွင် အစားထိုးတက်ရောက်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

(မြို့နယ် ပြန်/ဆက်)