စလင်း ၂၃ ဇူလိုင် 

    
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိ ဇီးဖြူပင်ကျေးရွာအုပ်စု ကျွန်းကလေးကျေးရွာ အ.မ.က၊ ကြူတောကျေးရွာ အ.မ.က(လွန်)၊ ရေကြည်ကျေးရွာအုပ်စု ပေါက်ကုန်း ကျေးရွာ အ.မ.က၊ ဆင်မကျွန်းကျေးရွာအုပ်စု အချင်းပြစ်တောင်ရွာ အ.မ.ကကျောင်း (၄) ကျောင်းအား ဇူလိုင် ၂၂ ရက်မှ စတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

 

1

 


အဆိုပါကျောင်းများတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၃၈ ဦး၊  ဆရာ၊ ဆရာမ ၂၀ ဦးဖြင့် ပညာသင်ကြားလျှက်ရှိပြီး မြစ်ရေမှာ နှစ်ပေမှ နှစ်ပေခွဲထိ ဝင်ရောက်လျှက်ရှိသဖြင့် ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံစေရန်အတွက် ယာယီပိတ်ထားခြင်း ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းမှုအပေါ်မှုတည်၍ ကျောင်းဖွင့်ရက်တွင် ပြန်လည်အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။


စိုးမိုးသူ(စလင်း)