စလင်း ၂၀ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ရှိသူများသည် ယမန်နေ့ ၈ နာရီက စလင်းမြို့နယ်တွင်းရှိ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်း ကျောင်းများသို့ သွားရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှုရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များက အထက်တန်း ကျောင်း(၃)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်း(၇)ကျောင်း တို့အား သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီး ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်းရှိမရှိကို ဆန်းစစ်ချက် ပုံစံ(၅၅) ချက်ဖြင့် အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စလင်းမြို့နယ်တွင် အထက်တန်းကျောင်းပေါင်း(၁၄)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၄၆)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း(၇)ရှိပြီး ကျန်ရှိနေသော ကျောင်းများကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)