ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မြိုနယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ အရှိန်အဟုန်ဖြင ့်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက Chloride ဆေးဖျန်းခြင်း လုပ်ငန်းများကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆေးဖျန်းရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက စာသင်ကျောင်းဝင်းအတွင်းနှင့် စသင်ခန်းများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Chloride ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း