တောင်ကြီး    ၃၁  သြဂုတ် 


မြန်မာနိုင်ငံ အနာဂတ်စိန်ခေါ်မှုများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ခေါင်းစဉ်ဖြင့် စနစ်ကျသော စီမံခန့်ခွဲမှု အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက  တောင်ကြီးမြို့ ဟုတ်ကြန့်ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် “မြန်မာနိုင်ငံ အနာဂတ်စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ဦးဝင်းမျိုးသူက လည်းကောင်း၊ “သဘာဝဘေး အန္တရာယ်ဆိုင်ရာ” ခေါင်းစဉ်ဖြင့် ဦးမင်းကိုနိုင်က လည်ကောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဧည့်သည်များနှင့် ကျောင်းသား လူငယ်များ၏ မေးမြန်းမှုများကို ဦးဝင်းမျိုးသူနှင့် ဦးမင်းကိုနိုင်တို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)