၂၆-၇-၂၀၂၀ ရက်၊ စင်ကာပူ
၁။ COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် နိုင်ငံတကာသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာ သင်္ဘောသား(၄၅)ဦးအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ၏စီစဉ်ပေးမှုဖြင့် ၂၆-၇-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၁၁:၃၀) နာရီတွင် စင်းလုံးငှားလေယာဉ် Special Charter Flight (Myanmar Airways International -MAI) လေကြောင်းပျံသန်းအမှတ် 8M232 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။
၂။ စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာသင်္ဘောသားများ ပြန်လည် ထွက်ခွာရာတွင်လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ချိန် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေ ချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် သံရုံးမှ တာဝန်ရှိသူများသည် ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။
Credit #Ministry_of_Foreign_Affairs


