(၈-၉-၂၀၂၀ ရက်၊ စင်ကာပူ)
၁။ COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် နိုင်ငံတကာသင်္ဘော များပေါ်တွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၃၀) ဦးအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ Golden Days Maritime Services Ltd ၊ Haisoon Ship Management Pte Ltd နှင့် Ocean Tankers Pte Ltd ကုမ္ပဏီများ၏ စီစဉ်ပေးမှုဖြင့် ၈-၉-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၂၀:၄၀) နာရီတွင် စင်းလုံးငှားလေယာဉ် Special Charter Flight (Myanmar National Airlines-MNA) လေကြောင်းပျံသန်းအမှတ် UB1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။
၂။ စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာသင်္ဘောသားများ ပြန်လည် ထွက်ခွာရာတွင် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ချိန် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူ နိုင်ငံမှ အဆင်ပြေ ချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် သံရုံးမှ တာဝန်ရှိသူများသည် ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရပါသည်။
Crd>Ministry of Foreign Affairs Myanmar


