ရန်ကုန် ၂၄ ဇူလိုင်
“စန်းမောင်မြင့် ဒါနဥပပါရမီသွေးလှူကုသိုလ် ဖောင်ဒေးရှင်း” က ကြီးမှူးပြုလုပ်မည့် အကြိမ်(၂၀)မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်)၌ ၂၀၁၉ သြဂုတ်လ (၄)ရက် တနင်္ဂနွေနေ့ နံနက် (၈:ဝ၀)နာရီမှ (၁၁:၃၀) နာရီထိ ပြုလုပ်မည်ဖြစ်ပါသဖြင့် မည်သူမဆို ကြွရောက် သွေးလှူဒါန်းနိုင်ပါကြောင်းနှင့် သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန် ကျွေးမွေး ထောက်ပံ့မှုများအပြင် “စန်းမောင်မြင့် သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” မှ အမှတ်တရ လက်ဆောင် (ကြက်ဥ ၁၀ လုံး၊ UV ကာကွယ် ၁၆ ကိုင်းထီးအကြီးနှင့် ချစ်စဖွယ်ထမင်းချိုင့်)တို့ဖြင့် ပံ့ပိုးဂုဏ်ပြုမည်ဖြစ်ပြီး သွေးလှူဒါန်းမည့် ပုဂ္ဂိုလ်များအနေဖြင့် “စန်းမောင်မြင့် သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” 09 449 253 767, 09 79 55 63 400, 09 69 51 355 15 ဖုန်းနံပါတ်များသို့ (၂- ၈- ၂၀၁၉) နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။
MDN


