ကျွန်းလှ ၂ ဇူလိုင်
စံပါယ်နံ့သာ- ကန့်ဘလူ- ကျွန်းလှလမ်းပိုင်းအား ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်း (Box Culvert) များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်း (၂၂/၆ ဒသမ ၉၄-၂၃/၁ ဒသမ ၇၂)အတွင်း (၂ ဒသမ ၇၈)ဖာလုံအား မူလကတ္တရာလမ်း (၁၂)ပေအကျယ်ကို (၁၈)ပေချဲ့ပြီး တစ်ဖက်လျှင် (၅)ပေအကျယ် (၁၀)လက်မထု အခြေခံလွှာခင်းခြင်း၊ ပေ (၂၀)အကျယ် (၈)လက်မထု အခြေခံလွှာခင်းခြင်း၊ (၁၈)ပေအကျယ် (၃)လက်မထု အပွန်းခံလွှာခင်း၍ ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းပြီး ပြုပြင်တည်ဆောင်ခြင်းနှင့် Box Culvert တံတားများ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၁၉ ဒသမ ၇၀ဝ)သန်းဖြင့် Friend Tech 99 Engineering ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


