ရန်ကုန် ၂၃ ဇွန်
တက္ကသိုလ်ဝင်တန်းကျောင်းကြို ကာလ စီးပွားရေး/ပညာရေးနယ်ပယ်အသီးသီးမှ စွန့်ဦး တီထွင် လူငယ်များ ထိရောက်သော အောင်မြင်ရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်စေရန် Youth Entrepreneurship ခေါင်းစဉ်ဖြင့် ပညာရှင် ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ Novotel Hotel ၌ကျင်းပသည်။
“အဓိကကတော့ စွန့်ဦးတီထွင်ဖြစ်ချင်သူတွေ နဲ့ စီးပွားရေးလုပ်နေကြတဲ့လူငယ်တွေ ရဲ့ကြားမှာ ဆက်စပ်မှုတစ်ခုဖြစ်အောင် ကျွန်တော်တို့ MMEC က ကူညီပေး တဲ့ရည်ရွယ်ချက်နဲ့ ဒီပွဲကိုပြုလုပ်တာပါ။ လူငယ်တွေရဲ့ရှေ့ဆက်လျှောက်ရမဲ့ခရီးမှာ ကိုယ့်ဘဝရဲ့ တက်လမ်းတွေ ရည်ရွယ်ချက်တွေ လက်ရှိကြိုးစားအကောင်အထည်ဖော်နေမှုတွေမှာ ပညာရေးရှုထောင့်၊ စီးပွားရေးရှုးထောင့်ကနေ Carrier Development ကို ထိရောက်အောင် ဘယ်လိုစွမ်းဆောင်မယ်ဆိုတဲ့ စိတ်တွေပေါ်လာအောင် ပညာရှင်တွေက ဟောပြောတာပါ” ဟု MMEC Operation ဒါရိုက်တာဦးခင်မောင်မြင့် က ပြောသည်။
ထိုဆွေးနွေးပွဲကို Myanmar Management & Entrepreneurship College (MMEC) ကောလိပ် မှစီစဉ်ထောက်ပံ့ပေးခြင်းဖြစ်သည်။ လူငယ်စွန့်ဦးတီထွင်နှင့် လက်ရှိစီးပွားရေးလုပ်နေသော လူငယ်များအား Youth Entrepreneurship ခေါင်းစဉ်ဖြင့် ပညာရှင် Prof . Dr အောင်ထွန်းသက်ကလည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက ္ခချုပ် Drခင်နိုင်ဦး(ငြိမ်း)က ပညာရေးနှင့်ပတ်သက်၍ လူငယ်များ၏ အနာဂတ်ရှေ့ရေးကို မည်သို့မည်ပုံ စဉ်းစားတွေးခေါ်ရမည့်ဆိုသည့် အပိုင်းများကို ဆွေးနွေးသွားကြောင်း သိရသည်။
" ရှေ့ဆက်ပြီး MMEC အနေနဲ့ လူငယ်တွေအတွက်ပေါ့ Business နဲ့ပတ်သက်ပြီးခေါင်းစဉ်အလိုက် Business Plan ပြိုင်ပွဲတွေကျင်းပပေးမယ်။ အောင်မြင်လာတာနဲ့အညီ MMEC အနေနဲ့ ဒီအပေါ်မှာ ရင်းနှီးမြုပ်နှံတာတွေ ပြုလုပ်သွားဖို့စီစဉ်ထားပါတယ်။ ကျွန်တော်တို့ တာမွေအဝိုင်းလေးမှတ်တိုင်အနီး MMEC ကောလိပ်ကျောင်းမှာလည်း အခုဇွန် ၃၀ ရက်မှာ Diploma in Marketing၊ Diploma in HR Managemant ၊ Diploma in Supply Chain Management ၊ Diploma in Business English ဘာသာရပ်များကို စာတွေ့အပြင် အလုပ်ရုံဆွေးနွေးပွဲတွေ၊ စက်မှုဇုန်လုပ်ငန်းခွင်၊ လက်တွေ့လုပ်ငန်းခွင် လေ့ကျင့်ရေး သင်ခန်းစာတွေကို ဖွင့်လှစ်သင်ကြားပေး သွားပါမယ်။"ဟု MMEC Operation ဒါရိုက်တာဦးခင်မောင်မြင့် ကထပ်မံ ပြောသည်။
ယခု ကာလသည် (၁၀)တန်းအောင်စာရင်းထွက်ပြီးဖြစ်သည့်အတွက် ဆွေးနွေးပွဲသို့(၁၀)တန်း အောင်မြင်သူများ၊ လက်ရှိတက္ကသိုလ် တက်ဆဲကျောင်းသား၊ ကျောင်းသူများ၊ ဘာသာရပ်နယ်ပယ်အသီးသီးမှ ကျောင်းပြီးထားသော လူငယ်များအပါဝင် စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)