စဉ့်ကိုင် စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့် ဒေသခံ တောင်သူများ ပူးပေါင်း၍ ကသဲကုန်းကျေးရွာတွင် ရေဆင်း-၁ (စပ်မျိုး) မိုးနေကြာ ၁၅ ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နေကြာဆီသည် ကိုလက်စထရော ပါ၀င်မှုနည်းပါးခြင်း၊ မပြည့်၀ဆီဖြစ်ခြင်း၊ ဗီတာမင် E  ပါ၀င်မှုနှုန်း များခြင်း၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် ပြည်သူများ စားသုံးသင့်သော ဆီဖြစ်ကြောင်း၊ စဉ့်ကိုင်မြို့နယ်အနေဖြင့် မိုးနေကြာ ၂၈၅၇ ဧကနှင့် ဆောင်းနေကြာ ၁၂၁၃၅ ဧက စုစုပေါင်း ၁၄၉၉၂ ဧက လျာထားပြီး မိုးနေကြာ စိုက်ပျိုးပြီးစီးမှုမှာ ဧက ၂၈၆၀ စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)