စဉ့်ကိုင် ၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးကျောင်းများမှ စုပေါင်းပြီ: MASKများကို ယနေ့နံနက် (၉)နာရီက ဗိုလ်တေဇလမ်း ရန်နိုင်တံတားထိပ်တွင် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ MASK များ အခမဲ့ဖြန့်ဝေရာတွင် ရွာဘိုကျောင်းဆရာတော် အရှင်ဇနကမှကြီးကြပ်၍ ဆရာတော် သံဃာတော်များ ကုသိုလ်ပြု ဓမ္မစကူးဆရာ/ဆရာများနှင့် ဓမ္မစကူးကျောင်း (၁၇)ကျောင်းမှ စုပေါင်းပြီး စဉ့်ကိုင်မြို့နယ် အနေဖြင့် ကိုဗစ်− ၁၉ ရောဂါကာကွယ်ထိန်းချူပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်လာပါက နှာခေါင်းစည်း MASKများတပ်ဆင်ကြရန်နှင့် နှာခေါင်းစည်း MASK များ တပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်လာခြင်း ရှိ/ မရှိ စစ်ဆေးပြီး နှာခေါင်းစည်းများ တပ်ဆင်လာခြင်းမရှိသူများ အား နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ရာ MASK(၇၅၀ဝ) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း (စဉ့်ကိုင်ပြန်/ဆက်)


