စဉ့်ကိုင်        နိုဝင်ဘာ  ၂၃

မန္တ​လေးတိုင်း​ဒေသကြီး၊   ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသာ/ကျောင်းသူ များကို  အမျိုးသား​အောင်ပွဲ​နေ့ အ​​ကြောင်းသိရှိ​စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာ​စေရန် အတွက် (၁၀၁)နှစ်​​မြောက် အမျိုးသား​အောင်ပွဲ​နေ့ အထိမ်းမှတ် အသိပညာပေး​ဟော​ပြောပွဲနှင့်ပြိုင်ပွဲများတွင် ဆုရရှိသည့် ​ကျောင်းသား ကျောင်းသူများအား  ဆုချီးမြှင့်ခြင်းကို ယ​​နေ့နံနက်(၁၀)နာရီက မြို့နယ်လူထု အခြေပြု ဗဟိုဌာန Community  Centre ခန်းမတွင် ​​ကျင်းပ​ခဲ့ကြောင်းသိရသည်။

ဟော​ပြောပွဲတွင်     စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများအသင်း    ဥက္ကဌ ​ ရှေ့​နေ ဦးဝင်းကြည်(စဉ့်ကိုင်)က ကျောင်းသား​ ကျောင်းသူများကို အမျိုးသား​အောင်ပွဲ​​​​​နေ့ဖြစ်​ပေါ်လာပုံအ​ကြောင်းသိရှိပြီး အမျိုးသားရေးတာဝန်  ၊ အမျိုးသား​ရေး စိတ်ဓတ်များပိုမိုနားလည်လာကာ   အမျိုးသားယဉ်ကျေးမှု  အမွေအနှစ်များ ထိန်းသိမ်း​စောင့်​ရှောက်ရန်အတွက် ​ဟော​ပြောခဲ့သည်။

ဆက်လက်၍  (၁၀၁)နှစ်​​မြှောက် အမျိုးသား​အောင်ပွဲ​နေ့ အကြို  ပုံ​ပြော၊  ကဗျာရွတ်၊ ဖတ် စွမ်းရညပြိုင်ပွဲများတွင် ဆုရရှိသည့် အ​ခြေခံပညာ​ကျောင်းများမှ    ကျောင်းသား/​ကျောင်းသူများအား    ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန    မြို့နယ်ဦးစီးအရာရှိ   ဦးဘိုဘိုဟန်၊   ဒုတိယဦးစီးမှူး ​ ဒေါ်ဝင်းဝင်းသန်း၊  စာ​အုပ်စာ​စောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုများ​ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့​ကြောင်းသိရသည်။

အောင်ပိုင်ပိုင်​ကျော်- စဉ်ကိုင်(ပြန်/ဆက်)