စဉ့်ကိုင် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက် ဥပဒေနှင့်အညီ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အားလုံး ရရှိစေရန်ရည်ရွယ်၍ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ မီးပွိုင့်လမ်းဆုံနှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ စဉ့်ကိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးတင်မောင်လွင်နှင့် ဝန်ထမ်းများ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ရန်ကုန်- မန္တလေး ကားလမ်းဘေးရှိ မီးပွိုင့်လမ်းဆုံနှင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပလိပ်တိုက်နယ်ဆေးရုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း (စဉ့်ကိုင်)