စဉ့်ကိုင်  အောက်တိုဘာ   ၁၃

 

မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများအတွက်   ပန်းခင်းစီမံချက် ဥပဒေနှင့်အညီ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အားလုံး ရရှိစေရန်ရည်ရွယ်၍ ပန်းခင်းစီမံချက်  အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက ရန်ကုန်-မန္တလေး  ကားလမ်းဘေးရှိ မီးပွိုင့်လမ်းဆုံနှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပန်းခင်းစီမံချက်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ၊  စဉ့်ကိုင်မြို့နယ်   ဦးစီးမှူးရုံးမှ  ဦးစီးမှူး   ဦးတင်မောင်လွင်နှင့်   ဝန်ထမ်းများ ရပ်ကွက် /ကျေးရွာ  အုပ်ချုပ်ရေးမှူးများ  ပူးပေါင်းပြီး  ရန်ကုန်-  မန္တလေး ကားလမ်းဘေးရှိ   မီးပွိုင့်လမ်းဆုံနှင့် ကိုဗစ် -၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် စဉ့်ကိုင်မြို့နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပလိပ်တိုက်နယ်ဆေးရုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 ဝင်းဝင်းသန်း (စဉ့်ကိုင်)