စဉ့်ကိုင် ဇန်နဝါရီ ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့နံနက် ၈ နာရီက မီးသွေးဘုတ်ကျေးရွာနှင့် ကသဲကုန်းကျေးရွာတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား  အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်လွင်နှင့် ဝန်ထမ်းများက မီးသွေးဘုတ်ကျေးရွာနှင့် ကသဲကုန်းကျေးရွာမှ (၁၆)နှစ်မှ (၁၈)နှစ် အတွင်းရှိ အမျိုးသား (၆၆)ဦး၊ အမျိုးသမီး (၅၈)ဦး၊ (၁၈)နှစ်အထက် အမျိုးသား (၁၃၈၃)ဦး၊ အမျိုးသမီး (၁၅၇၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

 

စဉ့်ကိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများနှင့် အိမ်ထောင်စုစာရင်း မရှိသူများအား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား (၁၂၄)ဦးနှင့် အသက်(၁၈)နှစ်အထက် (၂၉၅၈)ဦး စုစုပေါင်း (၃၀၈၂)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။

 

ညိုညိုဝင်း