စဉ့်ကူး ၂၆  ဇူလိုင် 


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ရေချမ်းကျေးရွာ ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် (၂၁.၉)သန်း ဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း (ဝ.၅)မိုင် ၁၁/ဝ၄ ကေဗွီ (၁၆၀) ကေဗွီအေ ထရန်စဖော်မာတစ်လုံးတည်ဆောက်ပြီး ရေချမ်းကျေးရွာတွင် လမ်းမီးမီတာတပ်ဆင်၍  ဇူလိုင် (၂၅)ရက်နေတွင် လျှပ်စစ်ဓာတ်အားများ စတင်အသုံးပြုနိုင်ပြီးဖြစ်ကြောင်း သိရသည်။


ယခုအခါ တိုင်းဒေသကြီးအစိုးရပံ့ပိုးမှု ရေချမ်းကျေးရွာပြည်သူများ စုပေါင်းထည့်ဝင်ငွေကျပ် (၁၁၆) သိန်း၊ မြစိမ်းရောင်ကျေးရွာရန်ပုံငွေ (၅၉)သိန်း စုစုပေါင်းကျပ် (၁၇၉)သိန်းဖြင့် ကျေးရွာအတွင်း (၄၀ဝ) ဗို့ ဓာတ်အားလိုင်း (ဝ.၈၅)မိုင် တို့အား စဉ့်ကူးမြို့ လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုတို့ဖြင့် ရေချမ်းကျေးရွာလုံးကျွတ် မီးလင်းနေပြီဖြစ်ကြောင်း သိရသည်။


ဝင်းမောင်(စဉ့်ကူး)