စဉ့်ကူး ၂၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေဒုံး၊ ဟင်္သာမ၊ ဇီးကုန်း၊ လက်ပန်ကုန်းကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဇူလှိုင် (၂၅) ရက် မွန်းလွဲ ၁ နာရီက ရွှေဒုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦးနှင့် ဦးအောင်သန်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ရေဘေးသင့်ပြည်သူတစ်ဦးလျှင်ငွေ ၂၇၃၅ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၀ဝစု၊ လူဦးရေ ၄၄၀ဦးအတွက် စုစုပေါင်းငွေ ၁၂၀၃၄၀ဝ ကျပ်ဖိုးရှိ ပံ့ပိုးပစ္စည်းများကိုပေး အပ်သည်။ ၄င်းနောက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေးဘေးသင့်ပြည်သူ တစ်ဦးလျှင် ငွေကျပ်၂၁၀ဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၂၄၀ဝ၀ တို့ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်ထွန်းနှင့် ဒေါက်တာ ကျော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေမှူးများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ကြကြောင် သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)


