ရန်ကုန် ၁၆ မေ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပုလဲ-၃ကျေးရွာ ပုလဲရတနာစာကြည့်တိုက်၌ Community Day အထိမ်းအမှတ်အဖြစ် လူထုနှင့်အတူပူးပေါင်းဆောင်ရွက်ခြင်း တစ်နေ့တာလှုပ်ရှားမှုများကို Catholic Relief Service ( CRS ) မှ ယနေ့နံနက် ၉ နာရီတွင် လာရောက်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်စာအုပ်ဖတ်ပြခြင်းနှင့် သုတ ရသ ပုံဝတ္တုများပြောပြခြင်း၊ အုပ်စုအလိုက် ကလေးငယ်များ ပုံပြောပြိုင်စေခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါစာကြည့်တိုက်တွင် Country Manager Mr.Christian Hennemeyer နှင့် Emergency Response Programme Manager ဦးကျော်မြတ်ထွဋ် ဦးဆောင်သောအဖွဲ့မှ ကလေးငယ်များအား ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်စာအုပ်ဖတ်ပြခြင်း နှင့်သုတ ရသပုံဝတ္တုများပြောပြခြင်း၊ အုပ်စုအလိုက် ကလေးငယ်များ ပုံပြောပြိုင်စေခြင်း ကလေးစာပေများ ဝေငှလက်ဆောင်ပေးခြင်း စာကြည့်တိုက်သို့ ကလေးစာပေစာအုပ်များ လှူဒါန်းခြင်းအပြင် စာကြည့်တိုက်တွင် လိုအပ်လျှက်ရှိသော အမိုးမျက်နှာကျက်အား ပြည့်စုံအောင် တပ်ဆင်နိုင်ရန် အလှူငွေ ၂၅၀ဝ၀ဝ ကျပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ CRSအဖွဲ့မှ စာကြည်တိုက်အတွင်းအပြင် သန့်ရှင်းရေးများ လုပ်အားပေး၍ ကလေးများအား အဟာရဒါနများလည်း လှူဒါန်းကျွေးမွေးခဲ့ကြသည်။
မြတ်သူဇာ (မင်္ဂလာဒုံ)
