မန္တလေး  ၂၂ စက်တင်ဘာ

 

COVID-19 အတည်ပြုလူနာများ လက်ခံကုသပေးနေသည့် မန္တလေး ခုတင်(၃၀၀) သင်ကြားရေး ဆေးရုံကြီးတွင် စက်တင်ဘာလ(၂၂)ရက် အထိ လူနာအရေအတွက် (၅၃)ဦး ကုသပေးနေပြီဖြစ်ပြီး အဆိုပါလူနာများနှင့် ကုသရေး၀န်ထမ်းများအတွက် လိုအပ်သည့်ဆေးရုံသုံး အထောက်အကူပြုပစ္စည်း အမျိုးမျိုး နှင့် အစားအသောက်များ၊ အလှူငွေများကို ဆေးရုံအုပ်ကြီးရုံးခန်းသို့ တိုက်ရိုက် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

လက်ရှိတွင် လူနာအရေအတွက် နည်းပါးသေးပြီး အသုံးပြုနေရသည့် ပစ္စည်းများလည်း အလုံအလောက်ရှိနေပေမယ့် လူနာအရေအတွက်များလာချိန်တွင် အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက် လိုအပ်ချက်များ ရှိလာနိုင်သည့်အတွက် စေတနာရှင်၊ အလှူရှင်များအနေဖြင့် ဆေးရုံသို့ ကိုယ်တိုင် လာရောက်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

 

#MRTV

 

mdn