နေပြည်တော် ၄ စက်တင်ဘာ

COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင်  အရှိန်အဟုန်မြှင့်  ဆောင်ရွက်ရန်အတွက်  COVID-19  Call  Center  ကို ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့   ညှိနှိုင်းမှုဖြင့်   ဆက်သွယ်ရေး အော်ပရေတာလေးခု၊  Blue  Ocean ကုမ္ပဏီတို့  ပူးပေါင်း၍ COVID-19  Call  Center (ဖုန်းနံပါတ် ၂၀၁၉) အား   ဧပြီ  ၈ ရက်မှစ၍    နေ့စဉ်   နံနက်  ၈ နာရီမှ   ည ၈ နာရီ အထိ    ရန်ကုန်မြို့၊    ဆေးသုတေသနဦးစီးဌာနတွင်  ဆေးသုတေသန ဦးစီးဌာနမှ ဝန်ထမ်း ၄၃ ဦး၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ စေတနာ့ဝန်ထမ်းဆရာဝန် ၁၇ ဦး စုစုပေါင်း ၆၀ ဖြင့်  ဖွင့်လှစ်ထားရှိသည်။

 

ယခုအခါတွင်  COVID - 19 Call Center  ခေါ်ဆိုမှု အချိန်ကို  နံနက် ၈ နာရီမှ  ည ၈ နာရီအထိ(အစား) နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြောင်းလဲဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်းစဉ်