နေပြည်တော် ၄ စက်တင်ဘာ
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် COVID - 19 Call Center ကို ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေး အော်ပရေတာလေးခု၊ Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း၍ COVID-19 Call Center (ဖုန်းနံပါတ် ၂၀၁၉) အား ဧပြီ ၈ ရက်မှစ၍ နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ဆေးသုတေသန ဦးစီးဌာနမှ ဝန်ထမ်း ၄၃ ဦး၊ မြန်မာနိုင်ငံဆရာဝန်များ အသင်းမှ စေတနာ့ဝန်ထမ်းဆရာဝန် ၁၇ ဦး စုစုပေါင်း ၆၀ ဖြင့် ဖွင့်လှစ်ထားရှိသည်။
သတင်းစဉ်


