မန္တလေး- ၂၇ သြဂုတ်
Covid-19 ကာကွယ်ရေးအတွက် ညွှန်ကြားချက်များလိုက်နာဆောင်ရွက်သွားကြရန် နှင့် လိုက်နာ ဆောင်ရွက်မှုမရှိသော ဆိုင်များအား ပထမအကြိမ်အဖြစ် ဆိုင် (၃) ရက်ပိတ်သိမ်းခြင်းနှင့်ထိရောက်သော အရေးယူမှုများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ္တရာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
"ပြည်သူများအနေဖြင့် ကိုဗစ်ကပ်ရောဂါပြည်တွင်း ကူးစက်မှုပေါ်မူတည်ပြီး ကန့်သတ်ချက်တွေ တိုးလာနိူင်တာမို့ ပြည်သူတွေအနေနဲ့ စိတ်ရှည်သည်းခံပြီး စည်းကမ်းလိုက်နာပေးကြပါလို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်"ဟု မတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
COVID-19 ကာကွယ်နိူင်ရေးအတွက် မြို့ပေါ်ရှိစားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု အခြေအနေများကို မြို့နယ်စည်ပင် သာယာရေးကော်မတီ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်မီးသတ်အဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မတ္တရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ လူသွားလူလာများသော နေရာများနှင့် မြို့မဈေး ဝန်းကျင်အား အသံချဲ့စက်ဖြင့် အသိပေးခြင်းနှင့် Mask Campaign များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
COVID-19 အားထိရောက်စွာကာကွယ်နိုင်ရန်အတွက် နေအိမ်တွင်သာနေထိုင်ကြရန် နှင့်မဖြစ်မနေ အပြင်သွားပါက Mask တပ်ပြီးမှသာ ထွက်ကြရန် ၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ ပြုမူပြောဆို ဆက်ဆံကြရန် ၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏစက္ကန့် ၂ဝ ကြာဆေးကြောကြပါရန် တိုက်တွန်းနှိုးဆော် ထားသည်။
အခုလ ၂၇ ရက် ကမတ္တရာမြို့ အောင်ဆန်းလမ်းမကြီးပေါ်တွင် သွားလာနေကြသော ခရီးသွားပြည်သူ များအား မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိူင်ငံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးခြင်းများ နှင့် covid-19 ကာကွယ်နိူင်ရေးအတွက် mask အခုရေ ၂၅ဝဝ အား ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေသက်ထား
Photo - မတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီ


