မုံရွာ ၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်များသို့ COVID-19 ကာလအတွင်း သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုတို့ ပူးပေါင်းပြီး ဈေးနှုန်းသက်သာစွာဖြင့် အားလူးများ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အားလူးများဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချရာတွင် ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ်နှင့်ချိတ်ဆက်၍ အောင်ပန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းများမှ အာလူး(အကြီး)ပိဿာ ၄၀ဝ၀ ကို အရောက်ပို့စနစ်ဖြင့် ဝယ်ယူ၍ တိုင်းဒေသကြီး အတွင်းအရှိ စစ်ကိုင်းမြို့နယ်သို့ (၁၀၂၀)ပိဿာ၊ မြင်းမူမြို့နယ်သို့ (၅၁၀)ပိဿာ၊ မြောင်မြို့နယ်သို့ (၁၀၂၀)ပိဿာ၊ ချောင်းဦးမြို့နယ်သို့ (၄၃၀)ပိဿာနှင့် မုံရွာမြို့နယ်သို့ (၁၀၂၀)ပိဿာ တို့အား ယခုပေါက်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၂၀ဝ ရှိသော်လည်း ငွေကျပ် ၈၂၀ ကျပ်ဖြင့်သာ ဖြန့်ဖြူးရောင်းချခဲ့ကြောင်း တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်


