မန္တလေး  ၉  အောက်တိုဘာ

မန္တလေးခရိုင်အတွင်း Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက် နေသော ကျန်းမာရေး ဝန်ထမ်းများနှင့် ချမ်းမြသာစည်မြို့နယ် သံဃာ့ဆေးရုံ၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလာဒီဂရီ ကောလိပ်နှင့် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် သံသယရှိလူနာများ စောင့်ကြည့်စင်တာများအတွက် ကာလတန်ဖိုး ငွေကျပ် (၈၈၂၇၁၀၀) တန်ဖိုးရှိ လက်ဖက်နှင့် ပဲနှစ်ပြန်ကြော်များ လှူဒါန်းပွဲကို အောက်တိုဘာ ၈ ရက်နံနက် ၁၀ နာရီက ချမ်းအေးသာစံမြို့နယ် လမ်း ၇၀ နှင့် ၂၇ လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းဘူတာကြီး တိုက်ခန်းနေ စိန်ပလောင်လက်ဖက် မိသားစုက Covid-19 ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများနှင့် Quarantine ဝင်ရောက်နေသူများအတွက် လှူဒါန်းရခြင်း အကြောင်းပြောကြားပြီး တန်းဖိုး ငွေကျပ် (၈၈၂၇၁၀၀) တန်ဖိုးရှိ လက်ဖက်ထုပ်များနှင့် ပဲနှစ်ပြန်ကြော်များအား မန္တလေးတိုင်း ဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်ထံ ပေးအပ်လှူဒါန်းပြီး အလှူရှင် မိသားစုအား ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

မောင်ပြည်သူ(မန္တလေး)