ရန်ကုန် ၄ မေ
ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယခုအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးတို့မှ မည်ကဲ့သို့ ကြိုတင်စီမံထားရှိ ဆောင်ရွက်ခဲ့ကြပြီး ယခုအချိန်ထိ မည်ကဲ့သို့ ထိန်းချုပ်စောင့်ကြည့်လျက်ရှိကြောင်း ပြည်သူလူထုအား မျှဝေဆောင်ရွက်ခဲ့မှုများကို လှိူင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၏ Page ဖြစ်သည့် လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ တိုက်ရိုက် Live ထုတ်လွှင့်ခြင်းဖြင့် ပြည်သူများအား အသိပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Coronavirus Disease 2019 (Covid -19) ရောဂါနှင့်ပတ်သက်၍ (Talk Show) အစီအစဉ်အား လှိုင်မြို့နယ် တိုင်းဒေသကြီး-၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန မြို့နယ်အုပ်ချူပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဉီးစီးမှူး၊ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတို့မှ ပါ၀င်၍ အသိပညာပေး ဆောင်ရွက်မှုများအား ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား မေ ၇ ရက် နံနက် ၁၀ နာရီတွင် Online မှ Live ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော် (ပြန်/ဆက်)