ရန်ကုန် ၄ မေ 

 

ရန်ကုန်အ​နောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉​ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယခုအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးတို့မှ မည်ကဲ့သို့ ကြိုတင်စီမံထားရှိ ဆောင်ရွက်ခဲ့ကြပြီး ယခုအချိန်ထိ မည်ကဲ့သို့ ထိန်းချုပ်​စောင့်ကြည့်လျက်ရှိ​ကြောင်း ပြည်သူလူထုအား မျှဝေဆောင်ရွက်ခဲ့မှုများကို လှိူင်မြို့နယ် ပြန်ကြား​​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး ဉီးစီးဌာန၏ Page ဖြစ်သည့် လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ တိုက်ရိုက် Live ထုတ်လွှင့်ခြင်းဖြင့် ပြည်သူများအား အသိပညာ​ပေး​ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ​ Coronavirus Disease 2019 (Covid -19) ရောဂါနှင့်ပတ်သက်၍ (Talk Show) အစီအစဉ်အား လှိုင်မြို့နယ် တိုင်း​ဒေသကြီး-၂ လွှတ်​တော်ကိုယ်စားလှယ်​​ ဒေါ်ခိုင်မာ​ဌေး၊ လှိုင်မြို့နယ် အ​ထွေထွေအုပ်ချုပ်​ရေး ဉီးစီးဌာန မြို့နယ်အုပ်ချူပ်​ရေးမှူး၊ မြို့နယ်ကျန်းမာ​ရေးဉီးစီးမှူး​​၊ မြို့နယ်ကြက်​ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတို့မှ ပါ၀င်၍ အသိပညာ​ပေး ​ဆောင်ရွက်မှုများအား​ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Talk Show အစီအစဉ်အား မေ ၇ ရက်​ နံနက် ၁၀ နာရီတွင် Online မှ Live  ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကြည်​ဇေ​သော် (ပြန်/ဆက်)