လှိုင်းဘွဲ ၂၂  စက်တင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို လှိုင်းဘွဲမြို့အဝင်အထွက် ဂိတ်များတွင် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ထို့သို့ အသိပညာလုပ်ငန်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေတပ်ဖွဲ့တို့က ပြည်သူများ အပြင်သွားရာတွင် နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မြို့တွင်းသို့ ဝင်ရောက်လာသူများအနေဖြင့် နေရပ်/လိပ်စာ/သွားရောက်မည့်နေရာ/လာရောက်သည့် နေရာတို့ကို စစ်ဆေးမှတ်တမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)