ယင်းမာပင် ၂၄ ဩဂုတ်       

ယင်းမာပင်မြို့နယ် စက်မူလယ်ယာဦးစီးဌာန အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ADSP  အစီအစဉ်ဖြင့် တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဩဂုတ် ၂၃ ရက်နေ့နံနက် ၈ နာရီက ငါးမောင်းကျေးရွာတောင်သူ ဦးမောင်နိုင်၏ လယ်ကွက်၌ပြုလုပ်သည်။

တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါးလက်တွေ့စိုက်ပျိုးပွဲတွင် ရှေးဦးစွာ  စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၄၁) စက်မှုလယယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးတင်မိုးက တောင်သူများ အနေဖြင့် ရာသီဥတုပြောင်းလဲလာခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်သည့်လုပ်သားများ ရှားပါးလာခြင်း တို့ကြောင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးရန်မှာ အခက်အခဲများနှင့် ကြုံတွေ့နေကြရပါတယ်။ ဒီအခက် အခဲများကို ကျော်လွှာနိုင်ရေးအတွက် တောင်သူများအနေဖြင့် ယခုလိုလယ်ယာသုံး စက်ကိရိယာများ အသုံးပြုစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးစရိတ် များသက်သာလာပြီး သီးနှံများ အချိန်မီ စိုက်ပျိုးလာနိုင်မည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးနည်းစနစ်များကောင်းမွန်သော လယ်ယာသုံးစက်ကိရိယာများကို အသုံးပြု ဆောင်ရွက်ကြ စေလိုကြောင်းရှင်းလင်းပြောကြားသည်။

 

mdn

 

ဒီလို ကောက်စိုက်စက်ဖြင့် တောင်သူပညာပေးပြသရခြင်းဟာ တောင်သူများလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်အသုံးပြုလာရေး၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် ပျိုးထောင်ရာနေရာပေးရမှု သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပျိုးနုတ်စရိတ်သက်သာခြင်း၊ ကောက်စိုက်စရိတ် သက်သာခြင်းတို့ကြောင့် တောင်သူများက ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးခြင်းကို တွင်ကျယ်စွာ အသုံးပြု စိုက်ပျိုးလာနိုင်စေရန် တောင်သူပညာပေးစိုက်ပျိုးသရုပ်ပြသခြင်းဖြစ်ကြောင်း ဆက်လက်ရှင်းလင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် ငါးမောင်းကျေးရွာ တောင်သူဦးမောင်နိုင်၏ လယ်ကွက်တွင်  တောင်သူပညာပေး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြစိုက်ပျိုးရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ညောင်ပင်ကြီးစုကျေးရွာအုပ်စုမှ တောင်သူများနှင့် အခြားကျေးရွာများမှ စိတ်ပါဝင်စားသော တိုင်သူများတက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။ 
                                        
သန်းဌေးအောင်(ကနီ)