လွိုင်ကော် ၂၆ ဇွန်

ဘီလူးချောင်း အမှတ်(၃) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ခုနှစ် မတ်လအထိ CORPORATE SOCIAL RESPONSIBILITY (CSR) လုပ်ငန်းများအတွက် လှူဒါန်းဆောင်ရွက်သွားရန် လျာထားမှုနှင့် ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

03

 

အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

04

 

အစည်းအဝေးတွင် ဘီလူးချောင်း အမှတ်(၃) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ၂၀၁၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ခုနှစ်၊ မတ်လအထိ CSR လုပ်ငန်းများအတွက် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများအတွက် လှူဒါန်းဆောင်ရွက်သွားရန် လျာထားမှုအခြေအနေများ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တင်ပြချက်များနှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး ပြန်လည်တင်ပြသွားရန် လမ်းညွှန်မှာကြားခဲ့သည်။

လွိုင်ကော်သား