ရန်ကုန်   ၂၃   ဇွန်  

 

ရွှေပြည်သာမြို့နယ်၊ ၁၂ ရပ်ကွက်၊ ခရေလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် "စု” အသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) ကွန်ပျူတာပေးအပ်ပွဲ၊ ကွန်ပျူတာသင်တန်းဖွင့်ပွဲနှင့် အလှူရှင်များအားဂုဏ်ပြုပွဲ အခမ်းအနားသို့ ယနေ့နံနက် ၁၀ နာရီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့က အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက်  "စု” အသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ)၏ စာရင်အင်းတာဝန်ခံက သင်တန်းကျောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြ၍ ပညာရေးကွန်ရက်မှ တာဝန်ရှိသူများက ကွန်ပျူတာအလုံး (၂၀)ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ယင်းနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကျောင်း တာဝန်ခံမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းကျောင်းတွင် လျှပ်စစ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ စာရင်းကိုင်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများကို သင်ကြားပို့ချလျက်ရှိသည်။

 

ဆန်းကျော်ဦး ( ပြန် / ဆက်)