စုကလိ ဇူလိုင် ၂၆

 

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့သည် ရေခံမြေခံကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ပြီး ဒေသတွင်းစိုက်ပျိုးရေး တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများအား ဒေသတွင်းစီးပွားရေး တစ်ခုအဖြစ် စိုက်ပျိုးလာရာ ယခုနှစ်တွင် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရသည်။

 

အစေ့ထုတ်ပြောင်းများအား စိုက်ပျိုးရာ၌ ထိုင်းနိုင်ငံမှ တင်သွင်းလာသော မျိုးစေ့အမျိုးအစား ၃၂၈၊ ၃၆၈ အမျိုးအစားအား အများဆုံးစိုက်ပျိုးကြပြီး မြေလွတ်မြေရာများ တောင်ကုန်းတောင်စောင်းများတွင် အတန်းလိုက် အစေ့ချစနစ်ဖြစ် စိုက်ပျိုးကြသည်။ တစ်ပိုင်တစ်နိုင်မှ တစ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ စျေးကွက်စီးပွားရေး ထိုးဖောက်ရောင်းချနိုင်သည်အထိ လုပ်ကိုင်လာကြသည်။

 

အဆိုပါ အစေ့ထုတ်ပြောင်းများ စိုက်ပျိုးလာကြရာတွင် ဒေသတွင်းစီးပွားရေး တစ်ခုသာမက ထိုင်းနိုင်ငံမှ စျေးကောင်းပေးဝယ်ယူ၍ အကျိုးတူစီးပွားဆောင်ရွက်ကြပြီး အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်း၊ ငရုပ်သီးမျိုးကောင်း ထွက်ရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးဖြင့် အောင်မြင်သည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

 

ပိုပိုအောင် (စုကလိ ပြန်/ဆက်)