စုကလိ ၂၄ ဇွန်
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် ကျောင်းသား ကျောင်းသူလေးများအတွက် ကျောင်းဝတ်စုံ ထောက်ပံ့ခြင်းနှင့် တက္ကသိုလ်ဝင်တန်းအထောက်အကူပြုစာအုပ်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စုကလိမြို့ အထကကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် စုကလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခေတ္တအုပ်ချုပ်ရေးမှူးဦးဇော်သန်းနှင့် ဌာနဆိုင်ရာများမှကျောင်းသူကျောင်းသား ကလေးငယ်လေးများအတွက် ကျောင်းဝတ်စုံ အစုံ ၂၀ နှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှတက္ကသိုလ်ဝင်တန်း အထောက်အကူပြုစာအုပ်ဘာသာစုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူးက ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျှဉ်း၍အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီးမှကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အောင်စံထွန်းပြန် /ဆက်