နေပြည်တော် ၊ ၃ ဒီဇင်ဘာ 

COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ် ” ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ မိနစ် ၃၀ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဒီဇင်ဘာ ၃ ရက် (ကြာသပတေးနေ့) ညနေတွင် မြန်မာနိုင်ငံ၏ Digital အသွင်ပြောင်းမှု၌ အဓိကအရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်နေသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ် အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန် လာအောင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်အား ဖန်တီးရာ Startup နည်းပြ ဦးစိုးသီဟနှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးချုပ် ဦးဝင်းထက်မောင်မောင်တို့က ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ကြိုတင် အစီရင်ခံ တင်ပြအပ်ပါသည်။ 

သတင်းစဉ်