နေပြည်တော်၊ ၃၀ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူအတွက် အသိပညာ မျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်” ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ဒီဇင်ဘာ ၃၁ ရက် (ကြာသပတေးနေ့) ညနေတွင် နိုင်ငံအများစုတွင် လက်ရှိအသုံးပြုနေသည့် စုပေါင်းဆောင်ရွက်ခြင်းဖြင့် ချဉ်းကပ်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်အား Yangon Innovation Center မှ (CEO) ဉီးရာဝီနှင့် Myanma Awba Group မှ (Group CTO) ဉီးသက်နိုင်စိုးတို့က ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


