နေပြည်တော်၊  ဒီဇင်ဘာ

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူအတွက် အသိပညာ မျှဝေပေးမည့်ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

 

ဒီဇင်ဘာ ၃ ရက် (ကြာသပတေးနေ့) ညနေတွင် နိုင်ငံအများစုတွင် လက်ရှိအသုံးပြုနေသည့် စုပေါင်းဆောင်ရွက်ခြင်းဖြင့် ချဉ်းကပ်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်အား  Yangon Innovation Center မှ (CEO) ဉီးရာဝီနှင့် Myanma Awba Group မှ (Group CTO) ဉီးသက်နိုင်စိုးတို့က ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်