ဒေးဒရဲ  ၈  ဧပြီ  

 


နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ စာဖတ်စွမ်းရည်မြင့်မားလာစေရန်နှင့် အချိန်ကို အကျိုးရှိ စွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

 


အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ဖေမြင့်ရေးသားသည့် နှလုံးသား အာဟာရ စာအုပ်မှ အသိဉာဏ်နဲ့ စိတ်ဓာတ် ဆောင်းပါးအား ဆရာမ ဒေါ်မြင့်မြင့်သန်းက ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက  ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 


မြင့်မြင့်ခိုင်(ဒေးဒရဲ)

 

နနတ