ဒေးဒရဲ ဇူလိုင် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တော်တနီးလမ်းသစ်ရှိ အမေ့သားဂုဏ်ရောင် ဆန်စက်တွင် ယနေ့နံနက် 7  နာရီ မိနစ် ၂၀ ခန့်က စပါးခွံ ဂက်(စ်)တာဘိုင်စက်ရုံ၏ စပါးခွံသိုလှောင်ခန်းထဲရှိ စပါးခွံများအောက်ဘက်တွင် ဖွဲမီးလက်ကျန်များမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးသတ်ယာဉ် (၃)စီးဖြင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက်(၇)နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် စပါးခွံတာဘိုင်စက်ရုံအတွင်းရှိ ထုတ်တမ်း၊ မြှားတမ်းနှင့်သစ်သားတိုင်များ မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။

 

အေဇာလင်း