ဒေးဒရဲ   ၁၀   ဇူလိုင် 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို မူလတန်းအဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ရုပ်ပြစာစီစာကုံးပြိုင်ပွဲသို့ အခြေခံပညာမူလတန်းကျောင်းများဖြစ်သည့် မြို့မ၊ ဈေးကြီး၊ အလယ်ပိုင်း၊ ဗိုလ်ချုပ်နှင့် အိုးဘိုကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးက ပြသထားသည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဇူလိုင်လ (၁၇)ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)