ဒေးဒရဲ ၁၂ ဇွန်
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဒါးမသိမ်းကျေးရွာအုပ်စု၊ အေးရွာသစ်ကျေးရွာတွင် စတုတ္တအကြိမ် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ကျေးရွာမြစိမ်းရောင်ကော်မတီ ဥက္ကဋ္ဌ နေအိမ်၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပထမဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဘဝ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ချေးငွေများ ထုတ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အေးရွာသစ်ကျေးရွာအတွင်းမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၁၁၃)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၀)ဦးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်သူ(၅)ဦး စုစုပေါင်း(၁၃၈)ဦးတို့၏ လက်ဝယ်အရောက် မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)