ဒေးဒရဲ ၂၇ ဇွန်
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးဖွင့်လှစ်သော ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်စန္ဒာအောင်က ဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆပ်ပြာဆီ ပြုလုပ်နည်း အဆင့်ဆင့်အား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်ခင်းခင်းစိုးက လက်တွေ့ သင်ကြားပြသခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် အမှတ်(၁၊ ၂၊ ၃) ရပ်ကွက်များမှ သင်တန်းသူ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင် (ပြန်/ဆက်)


