ဒေးဒရဲ ဧပြီလ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန် အတက်နေ့၌ မြို့ပေါ်နှင့် ရပ်ကွက်အတွင်း ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်း ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အတက်နေ့၌ ဒေးဒရဲမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအလိုက် စတုဒီသာများ ကျွေးမွေးကြပြီး ရေကစားသူများ၊ ရေပက်ခံအဖွဲ့များနှင့် အေးချမ်းပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်အား ဆင်နွဲလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)