ဒေးဒရဲမြို့တွင် ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်း ဆောင်ရွက်ပေးမည်

ဒေးဒရဲ ၁၅ မေ 


ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် မြို့လယ်သံတန်ဆောင်းကြီးတွင် မေလ ၁၆ ရက် နံနက် ၈ နာရီမှစတင်၍ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ကွင်းဆောင်းဆောင်ရွက်မှုတွင် ဖျာပုံခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှနြ်ကားမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သူသူထွန်း ခေါင်းဆောင်သော အဖွဲ့က မော်တော်ယာဉ်၊ ဆိုင်ကယ်စီးနင်းသူများ အားလုံး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ သိရှိနားလည်လိုက်နာပြီး ယာဉ်မောင်းလိုင်စင်များ စစ်ဆေးထုတ်ပေး နိုင်ရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ ပညာပေးဟောပြောခြင်း၊ ယာဉ်နှင့် ယာဉ်မောင်း လိုင်စင်များ ဆောင်ရွက်ပေးခြင်း၊ ၁၁၀ စီစီနှင့်အထက် မော်တော်ဆိုင်ကယ်များအား  သက်တမ်းတိုးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)