ကျိုက်မ​ရော၊  ၂  ဇန်နဝါရီ 

 


မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်၊ နတ်စမ်း​ကျေးရွာ ဘိန်း​ဗျော​ကျေးလက်ကျန်းမာ​ရေးဌာနခွဲတွင် အသုံးပြုရန် အတွက် ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ​ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါကျေးလက်ကျန်းမာ​ရေးဌာနခွဲ၌ ပြုလုပ်ခဲ့သည်။

 


ဆေးရုံသုံးပစ္စည်းများ လှူဒါန်းရာတွင် ​ဆေးရုံသုံးပရိ​ဘောဂပစ္စည်းများဖြစ်သည့်  Delivery Bed မွေးကုတင် ၁ လုံး၊ Hospital Bed MC-947 ရိုးရိုးလူနာကုတင် ၂ လုံး၊​ သံဗီရို (၆​ ပေ × ၃ ​ပေ) ၂ လုံး၊​​ ခေါက်စားပွဲ လေး​ထောင့် ၁ လုံးနှင့် လက်တင်ပါပလတ်စတစ်ထိုင်ခုံ ၁၅ လုံး စုစု​ပေါင်း တန်ဖိုး ၁,၅၇၇,၅၀၀ ကျပ်တို့ကို ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးကျော်ဝင်း​မောင်၊ ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်ခင်မျိုးမြင့်တို့က ​ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနမှူး  ​ဒေါက်တာ ​ကျော်ဝင်း​ဇော် က  လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့​သည်။

 

 

ချိုချို(ပြန်/ဆက်)